ရှီကျင့်ဖိန်သည် မကာအိုသိပ္ပံနည်းပညာတက္ကသိုလ်မှ ဆရာဆရာမ၊ကျောင်းသူကျောင်းသားကိုယ်စားလှယ်များထံသို့ပြန်စာပို့ပေး

(GMT+08:00)2023-05-25 16:06:08  

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖန်သည်မေလ၂၃ရက်နေ့ကမကာအိုသိပ္ပံနည်းပညာအမှတ်၁ဂြိုဟ်တုသုတေသနပြုထုတ်လုပ်မှုတွင်ပါဝင်ခဲ့သောမကာအိုသိပ္ပံနည်းပညာတက္ကသိုလ်မှဆရာဆရာမ၊ကျောင်းသူကျောင်းသားကိုယ်စားလှယ်များထံသို့ပြန်စာပို့ပေးခဲ့ပါသည်။
သမ္မတရှီကျင့်ဖိန်ကခင်ဗျားတို့ပါဝင်သုတေသနပြုထုတ်လုပ်ခဲ့သည့်မကာအိုသိပ္ပံနည်းပညာအမှတ်၁ဂြိုဟ်တုကိုအောင်မြင်စွာလွှတ်တင်ခဲ့ခြင်းကိုဝမ်းမြောက်စွာကြားသိရကြောင်း၊အားလုံးကိုနွေးထွေးစွာဂုဏ်ပြုထောမနာပြုလိုပါကြောင်း၊ခင်ဗျားတို့သည်တိုင်းချစ်ပြည်ချစ် မကာအိုချစ်အစဉ်အလာကောင်းကိုဆက်လက်လက်ဆင့်ကမ်းပြီးနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင်တက်ကြွစွာပါဝင်ကာတိုင်းပြည်တစ်ပြည်စနစ်နှစ်မျိုးမူဝါဒကိုမကာအိုတွင်အောင်မြင်စွာအကောင်အထည်ဖော်ရန်အကျိုးပြုစွမ်းဆောင်မှုသစ်ပြုလုပ်ရန်မျှော်လင့်ကြောင်းဖော်ပြခဲ့ပါသည်။