မြေအောက်ရထားစီးရန်ခရီးသည်များလက်ဖဝါးလေးပြ

(GMT+08:00)2023-05-25 14:46:44  

မေလ၂၄ရက်နေ့တွင်ပေကျင်းမြေအောက်ရထားDaxingလေဆိပ်လိုင်းမှခရီးသည်များသည်ဘူတာထဲသို့ဝင်ရောက်ရန်လက်ဖဝါးများပြခဲ့ကြသည်။ပေကျင်းမြေအောက်ရထားDaxingလေဆိပ်လိုင်းတွင်လက်ဖဝါးပြပြီးစကန်ဖတ်ခြင်းဖြင့်ရထားစီးနိုင်သည့်ဝန်ဆောင်မှုကိုမကြာသေးမီကတရားဝင်စတင်လိုက်ပြီဖြစ်သည်။ခရီးသည်များသည်သက်ဆိုင်ရာအက်ပလီကေးရှင်း၌စာရင်းသွင်းပြီးစီးနင်းရန်ဝန်ဆောင်မှုကိုဖွင့်လှစ်ပြီးနောက်လက်ဖဝါးပြလိုက်ရုံဖြင့်ရထားစီးနိုင်ပါသည်။