ရှီကျင့်ဖိန်သည်ရုရှားဝန်ကြီးချုပ်မစ်ရှူစတင်နှင့်တွေ့ဆုံ

(GMT+08:00)2023-05-25 14:45:34  

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည်မေလ၂၄ရက်နေ့မွန်းလွဲပိုင်းတွင်ပြည်သူ့ခန်းမဆောင်ကြီး၌တရားဝင်လာရောက်လည်ပတ်နေသည့်ရုရှားဝန်ကြီးချုပ်မစ်ရှူစတင်နှင့်တွေ့ဆုံခဲ့ပါသည်။

ရှီကျင့်ဖိန်သည်မစ်ရှူစတင်မှတစ်ဆင့်သမ္မတပူတင်ထံသို့စိတ်ရင်းမှန်ဖြင့်နှုတ်ခွန်းဆက်စကားပြောကြားရန်မှာကြားခဲ့သည်။ရှီကျင့်ဖိန်ကတရုတ်နိုင်ငံသည်အချင်းချင်း၏အဓိကအကျိုးစီးပွားများနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များတွင်ရုရှားနှင့်အချင်းချင်းခိုင်မာစွာထောက်ခံလိုပါကြောင်းနှင့် ကုလသမဂ္ဂ၊ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ BRICS နှင့် G20 ကဲ့သို့သောဘက်စုံနယ်ပယ်များတွင် အားဖြည့်ပူးပေါင်းဆောင်ရွက်လိုပါကြောင်းပြောကြားခဲ့ပါသည်။

မစ်ရှူစတင်ကပူတင်၏ရှီကျင့်ဖိန်အပေါ်ရင်းရင်းနှီးနှီးနှုတ်ခွန်းဆက်စကားနှင့်ဆုမွန်ကောင်းများကိုတစ်ဆင့်ပြောကြားပြီးတရုတ်နိုင်ငံနှင့်လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေးများပိုမိုအားကောင်းလာစေရန်နှင့်ရုရှား-တရုတ်ချစ်ကြည်ရင်းနှီးမှုမျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းသွားစေရန်မျှော်လင့်ကြောင်းပြောကြားခဲ့ပါသည်။