ရှီကျင့်ဖိန်သည် အကြိမ်(၂၀)မြောက် ဗဟို စာရင်းစစ်ကော်မတီ ပထမ အကြိမ် အစည်းအဝေးကို ဦးစီးကျင်းပ

(GMT+08:00)2023-05-25 15:47:44  

   တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မေလ ၂၃ ရက်နေ့ ညနေပိုင်းတွင် အကြိမ်(၂၀)မြောက် ဗဟို စာရင်းစစ်ကော်မတီ ပထမ အကြိမ် အစည်းအဝေးကို ဦးစီးကျင်းပပြီး အရေးကြီးမိန့်ခွန်း ပြောကြားခဲ့ပါသည်။

   ရှီကျင့်ဖိန်က အင်အားတောင့်တင်းသောနိုင်ငံတော် ဖြစ်လာအောင် တည်ဆောက်ရေးနှင့် အမျိုးသားရှင်သန်ရေး ခရီးစဉ်သစ်တွင် စာရင်းစစ်လုပ်ငန်းသည် အရေးကြီးသည့် တာဝန်ဝတ္တရားများကို ထမ်းဆောင်နေကြောင်း၊ စီးပွားရေး ကြပ်မတ်ရေးကို အခြေခံအဖြစ် မူတည်ပြီး အဓိက လုပ်ငန်းတာဝန်ဝတ္တရားများကို အာရုံစိုက်ကာ ပါတီ၏ မိမိကိုယ်ကို တော်လှန်ရေး ဖြစ်စဉ်ကို တွန်းအားပေးရေး၌ အထူးအခန်းကဏ္ဍမှ ပိုမို ကောင်းမွန်စွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။