Detianနိုင်ငံဖြတ်ကျော်ရေတံခွန်သည်ခရီးသည်များအားဆွဲဆောင်

(GMT+08:00)2023-05-25 14:47:33  

မေလ၂၄ရက်နေ့ကခရီးသည်များသည်တရုတ်-ဗီယက်နမ်နယ်စပ်ဒေသဖြစ်သောတရုတ်နိုင်ငံကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသChongzuoမြို့ရှိDetianနိုင်ငံဖြတ်ကျော်ရေတံခွန်ရှုခင်းသာနေရာသို့လာရောက်လည်ပတ်ကြပါသည်။Detianရေတံခွန်သည်အာရှတိုက်တွင်အကြီးဆုံးသောနိုင်ငံဖြတ်ကျော်ရေတံခွန်ဖြစ်ပြီး၂၀၁၈ခုနှစ်ကတရုတ်နိုင်ငံအဆင့် 5A ရှုခင်းသာနေရာဖြစ်လာခဲ့ပါသည်။၂၀၂၃ခုနှစ်ပထမသုံးလပတ်အတွင်းDetianရေတံခွန်သို့လာရောက်လည်ပတ်သူဦးရေမှာ၂၀၁၉ခုနှစ်အလားတူအချိန်ပိုင်းအဆင့်သို့ပြန်လည်ရောက်ရှိလာပြီးဝင်ငွေမှာ၂၀၁၉ခုနှစ်အလားတူအချိန်ပိုင်း၏၂.၄ဆခန့်ရှိခဲ့ပါသည်။