ဖြစ်ရပ်မှန် ရှေ့မှာရှီးဇန့်(တိဘက်) ပုံရိပ်ကိုနာမည် ဖျက်ကြသည့် မုသားစကားများသေချာပေါက် ပျောက်ပျက်ပါမည်

(GMT+08:00)2023-05-25 10:21:02  

ဒီလ ၂၃ ရက်နေ့တွင်တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံရှီးဇန့်(တိဘက်)ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်သို့ ပေးပို့ခဲ့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာပြည်သူ့ ချမ်းမြေ့မှုဟာအကြီးဆုံးသောလူ့အခွင့်အရေးဖြစ်ပြီးဖွံ့ဖြိုးတိုးတက်မှုဟာပြည်သူ့ ချမ်းမြေ့မှုကိုဖော်ဆောင်ဖို့ သော့ချက်ကျရာဖြစ်တယ်လို့ ရေးသာဖော်ပြခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာရှီးဇန့်ဒေသတွင်းကုန်ထုတ်လုပ်မှုစုစုပေါင်းတန်ဖိုးဟာ ၁၉၅၁ ခုနှစ်ကထက် ၃၄၆.၈ ဆ တိုးလာခဲ့တယ်။ ရှီးဇန့်ဒေသမှာပျမ်းမျှ လူ့သက်တမ်းဟာလွတ်မြောက်ရေးရရှိခါစကအသက် ၃၅နှစ်ခန့်ဖြစ်ရာကနေအခုအသက် ၇၂ နှစ် အထိတိုးလာခဲ့ပါတယ်။ ရှီးဇန့်ဒေသရဲ့ ပညာရေးအရည်အချင်းဟာလွတ်မြောက်ရေးမရရှိခင်ကစာမတတ်သူ ၉၅ ရာခိုင်နှုန်းကျော် ရှိရာကနေယနေ့မှာစာမတတ်မြောက်မှုအခြေခံအားဖြင့် ပျောက်ဆုံးပြီဖြစ်ပြီး ၁၅ နှစ် အခမဲ့ ပညာသင်ယူရေးစနစ်ကိုဘက်စုံတည်ထောင်လာခြင်းအထိတိုးတက် လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းရှီးဇန့်ဒေသရဲ့ နှစ်စဉ် ဘဏ္ဍာရေးဝင်ငွေရဲ့ ၈၀ ရာခိုင်နှုန်းကိုပြည်သူလူထုနေထိုင်မှုဘဝတိုးတက်ရေးနယ်ပယ်မှာအသုံးပြုပြီးပညာရေး၊ ဆေးဝါးကုသရေး၊ သက်ကြီးရွယ်အိုများပြုစုစောင့်ရှောက်ရေးစသည့်နယ်ပယ်များမှာဘက်စုံအာမခံစနစ်ကိုထူထောင်ထားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာဗဟိုအစိုးရရဲ့ ထောက်ခံမှုနဲ့ ရှီးဇန့် ဒေသဟာအလွန်အမင်းဆင်းရဲမှုမှ လွတ်မြောက်လာနိုင်ခဲ့ပြီးအသင့်အတင့် ချမ်းသာသောလူ့ဘောင်အဖွဲ့အစည်းကိုလည်းဘက်စုံတည်ထောင်နိုင်ခဲ့ပါတယ်။

ရှီးဇန့်ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာတစ်နေ့ထက်တစ်နေ့ ကောင်းမွန်လာနေပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံမှ အချို့သောနိုင်ငံရေးသမားများကတော့ အဲဒါတွေကိုမမြင်ချင် ယောင်ဆောင်ပြီးလူ့အခွင့်အရေး ပြဿနာဆိုတာကိုအဆက်မပြတ် သတင်းဖြန့်နေပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကဘာလဲဆိုတာနိုင်ငံတကာမိသားစုကြီးကရှင်းရှင်းလင်းလင်းသိရှိကြပါတယ်။ အိန္ဒိယပညာရှင် ဝေဟန် ပြောသလိုပဲ “အနောက်နိုင်ငံမှ လူအချို့ကရုံးခန်းထဲမှာအအေးပေးစက် ဖွင့်ပြီးတော့ ဇိမ်ရှိရှိနေပေမယ့် ရှီးဇန့် ပြည်သူများကသူတို့လိုခေတ်မီတဲ့ ဘဝသို့ မဝင်ရောက်စေချင်ပါဘူး။”

ရှီးဇန့်ရဲ့ ဖွံ့ဖြိုးမှုကိုနိုင်ငံရဲ့ ဖွံ့ဖြိုးမှုနဲ့ နီးကပ်စွာချိတ်ဆက်ထားမှသာရှီးဇန့်ရဲ့ လူ့အခွင့်အရေးကိုပိုမိုကောင်းမွန်စွာအာမခံပေးနိုင်ပြီးရှီးဇန့် ပြည်သူများရဲ့ နေထိုင်မှုဘဝပိုမိုကောင်းမွန်နိုင်မှာဖြစ်ပါတယ်။ ဖြစ်ရပ်မှန် ရှေ့မှာရှီးဇန့်ပုံရိပ်ကိုနာမည် ဖျက်ကြတဲ့ မုသားစကားများသေချာပေါက် ပျောက်ပျက်ပါမယ်လို့ China Media Groupမှ သတင်းအရသိရပါသည်။