မြန်မာနိုင်ငံအားထောက်ပံ့ရေးပစ္စည်းများချက်ချင်းပေးပို့ခဲ့ကြောင်းမော်နင်ဆို

(GMT+08:00)2023-05-25 14:52:50  

မကြာခင်ရက်များကမြန်မာနိုင်ငံတွင်အပူပိုင်းလေမုန်တိုင်းဒဏ်ကြောင့်အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများစွာခံခဲ့ရခြင်းအပေါ်တရုတ်နိုင်ငံကစိတ်ရင်းမှန်ဖြင့်နှစ်သိမ့်လိုပါကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူမော်နင်ကပြောကြားခဲ့ပါသည်။

မော်နင်ကမြန်မာနိုင်ငံ၏အိမ်နီးချင်းကောင်းနှင့်ဆွေမျိုးပေါက်ဖော်အဖြစ်တရုတ်နိုင်ငံမှမြန်မာအားထောက်ပံ့ရေးပစ္စည်းများကိုချက်ချင်းပေးပို့ခဲ့ပြီးတရုတ်ကြက်ခြေနီအသင်းကလည်းမြန်မာကြက်ခြေနီအသင်းအားထောက်ပံ့မှုများပေးပို့ခဲ့ကြောင်း၊ယင်းသည်တရုတ်-မြန်မာနှစ်နိုင်ငံအကြားအေးအတူပူအမျှအပြန်အလှန်ဖေးမကူညီသောကံကြမ္မာတူအသိုက်အဝန်းစိတ်ဓာတ်ကိုပြည့်ပြည့်ဝဝပြသခဲ့ကြောင်းယမန်နေ့၂၄ရက်နေ့ကကျင်းပသောပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ဖော်ပြခဲ့ပါသည်။