ရုရှားနိုင်ငံသည် “Progress MS-23” ကုန်တင်အာကာသယာဉ်ကိုအောင်မြင်စွာ လွှတ်တင်

(GMT+08:00)2023-05-25 14:56:58  

မေလ ၂၄ရက်နေ့က ရုရှားနိုင်ငံသည် နိုင်ငံတကာအာကာသစခန်းသို့ကုန်စည်များဖြည့်စွက်ပို့ဆောင်ရန်အတွက် “Progress MS-23” ကုန်တင်အာကာသယာဉ်ကိုအောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်းသိရပါသည်။

ယင်း“Progress MS-23” ကုန်တင်အာကာသယာဉ်သည် နိုင်ငံတကာအာကာသစခန်းအတွက် စက်ကိရိယာ၊ လောင်စာ၊ ရေ၊ အဝတ်အထည်နှင့်အစားအစာအပါအဝင် ကုန်စည်(၂.၅)တန်ခန့်ကိုပို့ဆောင်ခဲ့ကြောင်းChina Media Groupမှ သတင်းအရသိရပါသည်။