ရှီးဇန့်၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့အခွင့်အရေး ကာကွယ်ထိန်းသိမ်းရေး ထိရောက်မှုများ ကို နိုင်ငံများစွာမှ ပုဂ္ဂိုလ်များ တန်ဖိုးထားချီးကျူး

(GMT+08:00)2023-05-24 15:38:47  

၂၀၂၃ခုနှစ် တရုတ် ရှီးဇန့်(တိဗက်) ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကို မေလ ၂၃ ရက်နေ့ ကဘေကျင်းမြို့တွင် ကျင်းပခဲ့ပါသည်။ နိုင်ငံနှင့်ဒေသ ၃၆ ခုမှ ပြည်တွင်းပြည်ပ ဧည့်သည်တော် ၁၅၀ကျော်တို့သည် ကျယ်ကျယ်ပြန့်ပြန့် ကူးလူးဖလှယ်ပြီး နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့ကြပါသည်။ ၄င်းတို့သည်ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် လူ့အခွင့်အရေးမြှင့်တင်ရေးဆိုင်ရာ အတွေ့အကြုံများကိုအတူတကွ မျှဝေခံစားပြီးရှီးဇန့်ဒေသတွင်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ယဉ်ကျေးမှုလက်ဆင့်ကမ်းရေး၊ဂေဟစနစ်ကာကွယ်ထိန်းသိမ်းရေး၊ လူ့အခွင့်အရေးကာကွယ်ထိန်းသိမ်းရေးစသည့်နယ်ပယ်များတွင် ရရှိသောတိုးတက်မှု သစ်များကိုတန်ဖိုးထားချီးကျူးခဲ့ကြ ပါသည်။

တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေက ရှီးဇန့်ဒေသသို့သွားရောက် လည်ပတ် ခြင်းဖြင့် ဒေသခံအခြေခံအဆောက်အအုံတည်ဆောက်ရေး၊ပညာရေး၊ စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုး တိုးတက်ရေးများတွင်ရရှိခဲ့သည့် အောင်မြင်မှုများကိုမျက်မြင်ကိုယ်တွေ့ခံစားရကြောင်း၊ရှီးဇန့်သည် ကမ္ဘာ့ ခေါင်မိုးဟုအခေါ်အဝေါ်ရှိပြီးလက်ရှိအချိန်တွင်ကုန်းပြင်မြင့်အခြေခံအဆောက်အအုံတည်ဆောက်ရေးစသည့်အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့်ဆက်တိုက်ဖွံ့ဖြိုးတိုးတက်နိုင်သောလုပ်ငန်းများကိုတွန်းအားပေးဆောင်ရွက်နေလျက်ရှိကြောင်း၊မြန်မာနိုင်ငံအနေဖြင့်ရှီးဇန့်ဂေဟစနစ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ရပ်များကိုတန်ဖိုးထားချီးကျူးပြီးထောက်ခံကြောင်းပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံဆိုင်ရာနီပေါသံအမတ်ကြီးBishnuPukar Shrestha က ရှီးဇန့်ဒေသမှ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးဘက်တွင်အောင်မြင်သောလက်တွေ့ဖော်ဆောင်မှုများသည် နီပေါနိုင်ငံအတွက်စံနမူနာ ကောင်းထောက်ပံ့ပေးနိုင်ကြောင်း၊တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် လူချွန်လူကောင်းပြုစု မွေးထုတ်ရေး၊ခေတ်မီလယ်ယာစိုက်ပျိုးရေးနည်းပညာအသုံးပြုရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းစသည့်နယ်ပယ်များတွင်ရရှိခဲ့သောအောင်မြင်မှုများသည်နီပေါနိုင်ငံအတွက်ကြီးမားသောအကျိုးသက်ရောက်မှုများလည်းရှိကြောင်း၊အနာဂတ်တွင် နီပေါနိုင်ငံသည်ပိုမိုများပြားသောနယ်ပယ်များတွင် တရုတ် နိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိကြောင်းပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံဆိုင်ရာမိုဇမ်းဘစ်သံအမတ်ကြီး Maria Gustava က ရှီးဇန့်ဒေသဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးများတွင်တရုတ်နိုင်ငံ၏လက်တွေ့ဖော်ဆောင်မှုများသည် မိုဇမ်းဘစ်နိုင်ငံအပါအဝင်ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဆင်းရဲနွမ်းပါးမှု ပပျောက်ရန်နှင့် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်အတွက် အတုယူဖွယ်ရာနှင့် အဖိုးတန် လမ်းညွှန်မှုများကိုပံ့ပိုးပေး ကြောင်းပြောကြားခဲ့ပါသည်။