အမေရိကန်ကထိုင်ဝမ်အားကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံမှာပါဝင်ရန် ထောက်ခံသည့် ဟာသ ဇာတ်လမ်း ကြီး ဘာဖြစ်လို့ နှစ်တိုင်းရှုံးနိမ့်သော်လည်းနှစ်တိုင်းဆက်တင်နေခဲ့တာလဲ

(GMT+08:00)2023-05-24 15:39:48  

လူအများခန့်မှန်းထားကြတဲ့အတိုင်းမကြာခင်က ၇၆ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေး ညီလာခံဟာနိုင်ငံတစ်ခုတစ်လေတင်ပြတဲ့ “ထိုင်ဝမ်အားအကဲခတ် အဖွဲ့ဝင် အဖြစ် ညီလာခံမှာပါဝင်ရန်”အဆိုပြုချက်ကိုဆွေးနွေးရန် အစီအစဉ်ထဲမှာထည့်သွင်းဖို့ ငြင်းပယ်လိုက်ပါတယ်။ ယခုအချိန်အထိ အမေရိကန်ရဲ့ အဲဒီလိုမျိုးအကြံပြုချက်ဟာ ၇ ကြိမ် တိုင်တိုင် ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးဖြစ်ပါတယ်။

ဒါနဲ့ အမေရိကန်ကထိုင်ဝမ်အားကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံမှာပါဝင်ရန် ထောက်ခံသည့် ဟာသဇာတ်လမ်းကြီးဘာဖြစ်လို့ နှစ်တိုင်းရှုံးနိမ့်ခဲ့ပေမယ့် နှစ်တိုင်းဆက်တင်နေခဲ့တာလဲ။ ကျွမ်းကျင်ပညာရှင်များကအဲဒါဟာအမေရိကန်ကထိုင်ဝမ်ကိုအသုံးပြုပြီးတရုတ်နိုင်ငံအားဟန့်တားတဲ့ အကြံကိုဖော်ဆောင်နိုင်ဖို့ လုပ်ထုံးလုပ်နည်းတစ်မျိုးဖြစ်ကြောင်း၊ ထိုင်ဝမ်ရေးရာကိုနိုင်ငံတကာရေးရာဖြစ် လာအောင် လုပ်ဆောင်ပြီးဒီလိုနဲ့ နိုင်ငံတကာမှာ “တရုတ်ပြည်တစ်ပြည်၊ ထိုင်ဝမ် တစ်ခု”ကိုဖန်တီးဖို့နဲ့  နိုင်ငံတကာမိသားစုကြီးရဲ့ ထိုင်ဝမ်ရေးရာဆိုင်ရာသဘောတူညီမှုကိုရန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း၊ ဒါ့အပြင် အဲဒါဟာရောင်းဝယ်မှုတစ်ရပ်လည်းဖြစ်ကာထိုင်ဝမ်ကနှစ်စဉ်နှစ်တိုင်းအမေရိကန် နိုင်ငံရေး သမားများကို ရွှေပန်းငွေပန်းအမြောက်အမြားကိုဆက်သခဲ့ပြီးအမေရိကန်ကကျေးဇူးဆပ်နိုင်ဖို့ မျှော်လင့် တယ် ဆိုတာလည်းမထူးပါကြောင်း၊ ဒါကြောင့် နှစ်စဉ် ဒီအချိန် ရောက်တိုင်းထိုင်ဝမ်အားကမ္ဘာ့ ကျန်းမာရေးအဖွဲ့ညီလာခံမှာပါဝင်ဖို့ ထောက်ခံခြင်းဟာအမေရိကန် နိုင်ငံရေးသမားအချို့ရဲ့ လုပ်ရိုးလုပ်စဉ် ဖြစ်နေပြီဖြစ်ပြီးရလဒ် ဘယ်လိုလဲဆိုတာတော့ အရေးမကြီးပါကြောင်း၊ ဘယ်လိုပဲဖြစ်ဖြစ် ထိုင်ဝမ်က အမေရိကန်ရဲ့ ကျားထိုးပျဉ်ချပ်ပေါ်မှာပွန်းတစ်ကောင်သာဖြစ်ကြောင်းသုံးသပ်ထားပါတယ်။

အမေရိကန်ကဘယ်လိုပဲလုပ်လုပ် ထိုင်ဝမ်အားကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံမှာပါဝင်ဖို့ ထောက်ခံတဲ့ ဟာသဇာတ်လမ်းကြီးဟာသေချာပေါက် ရှုံးနိမ့်မည်သာဖြစ်ပြီးအမေရိကန်ရဲ့ ဟာသ ဇာတ်လမ်းကြီးရပ်တန့်သင့်ပြီလို့ China Media Groupမှ သတင်းဆောင်းပါးတစ်ပုဒ်မှာရေးသားဖော်ပြ ထားပါတယ်။