လက်ထပ်ပွဲအခမ်းအနားမစတင်မီ၁၀ မိနစ်အလိုအပြင်ထွက်သွားသည့်သတို့သား

(GMT+08:00)2023-05-24 15:44:31  

လက်ထပ်ပွဲအခမ်းအနားကျင်းပတဲ့ ခန်းမဆောင် အပြင်မှာလူတစ်ဦးရုတ်တရက် သတိမေ့မြောခဲ့ တယ်။ လက်ထပ်ပွဲအခမ်းအနားက ၁၀ မိနစ် နေရင်စတင် တော့မယ်။ သတို့သားဟူဖင်ကမ်က ကယ်တင်ရန်အကူအညီတောင်းတဲ့အော်ခေါ်သံကိုကြားပြီးနောက် ချက်ချင်းအပြင် ပြေးထွက်ပြီး ကယ်ဆယ်မှုကိုလုပ်ပေးခဲ့ပါတယ်။

လက်ထပ်ပွဲအခမ်းအနားကျင်းပတဲ့အချိန်ဟာသတို့သားနဲ့ သတို့သမီးတို့ သေချာရွေးချယ်ထားတဲ့ ကျက်သရေမင်္ဂလာအပေါင်းပြည့်စုံတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ဒီအကြိမ် ရုတ်တရက် ဖြစ်ပွားမှုကြောင့် လက်ထပ်ပွဲအခမ်းအနားကျင်းပတဲ့အချိန်ကိုမိနစ် ၂၀ လောက် ရွှေ့ဆိုင်းခဲ့ရပါတယ်။

ဒါပေမယ့် သတို့သားဟူဖင်ကမ်ကတော့ လက်ထပ်ပွဲအခမ်းအနားကို ရွှေ့ဆိုင်းလို့ ရတယ်၊ အသက်ကယ်တင်ရေးကိုတော့ ရွှေ့ဆိုင်းလို့ မရဘူးလို့ ပြောခဲ့ပါတယ်။