မက္ကဆီကိုရှိ Popocatepetlမီးတောင်သည် လက်ရှိအချိန်တွင် မီးတောင်လှုပ်ရားမှု များပြား

(GMT+08:00)2023-05-24 15:46:54  

မကြာသေးမီရက်များအတွင်းမက္ကဆီကိုနိုင်ငံရှိ Popocatepetl မီးတောင်သည် မီးတောင်လှုပ်ရှားမှု ဆက်တိုက် များပြားနေပြီး ဓာတ်ငွေ့နှင့် မီးတောင်ပြာများ အကြိမ်ကြိမ် ထွက်ပေါ်ခဲ့ပါသည်။ Popocatepetl မီးတောင်သည် မက္ကဆီကိုမြို့တော် ၏ အရှေ့တောင်ဘက် ၇၂ ကီလိုမီတာအကွာတွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅၄၀၀ ကျော်တွင်ရှိ၍ ကမ္ဘာပေါ်မှာ မီးတောင်လှုပ်ရားမှု  အများဆုံးသော မီးတောင်များထဲမှ တစ်ခုဖြစ်ကြောင်းChina Media Groupမှ သတင်းအရသိရပါသည်။