ကွေ့ကျိုးပြည်နယ် ရှီးပင်ခရိုင်တွင် နိုင်ငံခြားကုန်သွယ်မှုကုမ္ပဏီသည် ဘောလုံးများ ထုတ်လုပ်မှု အလုပ်များနေပြီး ၎င်း၏ထုတ်ကုန်များသည် နိုင်ငံရပ်ခြားတွင် အရောင်း ကောင်းနေ

(GMT+08:00)2023-05-24 15:41:36  

တရုတ် ကွေ့ကျိုးပြည်နယ် ရှီးပင်ခရိုင် စက်မှုဇုန်တွင် တည်ရှိသော အားကစားပစ္စည်း ကုမ္ပဏီတစ်ခုသည် ဘတ်စကက်ဘော၊ ဘောလုံး၊ ဘော်လီဘောနှင့်ရပ်ဘီများကို အထူးပြု ထုတ်လုပ်သော နိုင်ငံခြားကုန်သွယ်မှုကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ထုတ်ကုန်အားလုံးကို တောင်အာဖရိက၊ ဘရာဇီး၊ မက္ကဆီကို၊ ကိုလံဘီယာ စသည့်နိုင်ငံများသို့ ရောင်းချပြီး ဒေသခံ ၃၀၀ကျော်အတွက် ဝင်ငွေတိုးရန် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခဲ့ပါသည်။