ရှီကျင့်ဖိန်သည် “၂၀၂၃ခုနှစ် တရုတ်ရှီးဇန့်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်”သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

(GMT+08:00)2023-05-24 15:37:50  

မေလ ၂၃ရက်နေ့က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် “၂၀၂၃ခုနှစ် တရုတ် ရှီးဇန့်(တိဘက်)ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်”သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။ ရှီကျင့်ဖိန်ကပြည်သူများ၏ ချမ်းသာသုခသည် အကြီးဆုံးသော လူ့အခွင့်အရေးဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူများ၏ ချမ်းသာသုခကို ဖော်ဆောင်ရန် သော့ချက်ဖြစ်ကြောင်း ဖေါ်ပြခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးသော လမ်းသစ်တွင် ရှီးဇန့်သည်ဖွံ့ဖြိုးတိုးတက်ရေးအတွေးအခေါ်သစ်ကိုတိကျမှန်ကန်ပြည့်စုံစွာဖေါ်ဆောင်ပြီး၊အရည်အသွေး မြင့်မားစွာဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုလျင်မြန်စွာ တိုးမြှင့်၍ စည်းလုံးညီညွတ်ပြီး ချမ်းသာသော၊ ယဉ်ကျေးပြီး သင့်မြတ်သာယာသော ဆိုရှယ်လစ် ခေတ်မီရှီးဇန့်သစ်ကို ကြိုးပမ်းအားထုတ်ထူထောင်ကာ ပြည်သူများအား ပိုမိုချမ်းမြေ့သာယာသောဘဝ ရရှိစေရန် မျှော်လင့်ကြောင်း အလေးထား ဖေါ်ပြခဲ့သည်ဟုChina Media Groupမှ သတင်းအရသိရပါသည်။