အင်းဆက်ပိုးမွှား မျိုးစိတ်သစ် ၆မျိုးကို ဝူယီးတောင်အမျိုးသားဥယျာဉ် ထုတ်ပြန်

(GMT+08:00)2023-05-23 14:58:34  

မေလ ၂၂ရက်နေ့သည် ၂၃ ကြိမ်မြောက်  နိုင်ငံတကာဇီဝမျိုးစုံမျိုးကွဲများနေ့ ဖြစ်ပါသည်။ ဝူယီးတောင်အမျိုးသားဥယျာဉ် သိပ္ပံပညာ သုတေသန ကြီးကြပ်ရေးစင်တာမှ ထုတ်ပြန်သော သတင်းအရ သတင်းထောက်မှ  တရုတ်‌ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန နန်ဂျင် သဘာဝပတ်ဝန်းကျင် သိပ္ပံပညာဌာနစသည့် အဖွဲ့အစည်းများ ပြုလုပ်သော ဝူယီးတောင်အမျိုးသားဥယျာဉ် ဇီဝအရင်းအမြစ် စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွင် အင်းဆက်ပိုးမွှား မျိုးစိတ်သစ် ၆မျိုးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ရေးသားဖော်ပြခဲ့ပါသည်။