Sudirman Cup ပတ်လည်အသင်းပြိုင်ပွဲတွင် တရုတ်အသင်းက ချန်ပီယံ သုံးနှစ်ဆက်တိုက် ရရှိ

(GMT+08:00)2023-05-23 15:05:28  

မေလ ၂၁ ရက်နေ့က ကျင်းပသည့် ၂၀၂၃ ခုနှစ် Sudirman Cup ကမ္ဘာ့ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် တရုတ်ကြက်တောင်အသင်းက တောင်ကိုရီးယား အသင်းကို စုစုပေါင်း ရမှတ် ၃:၀ ဖြင့် အနိုင်ရရှိကာ ချန်ပီယံ ၃ နှစ် ဆက်တိုက် ရရှိခဲ့ပါသည်။ ယခုအချိန်အထိ ဆူဒီရ်မန်ဖလား ၁၈ ကြိမ်တွင် တရုတ်ကြက်တောင်ရိုက်အသင်းသည် ချန်ပီယံ ၁၃ ကြိမ်ရရှိထားပါသည်။