တရုတ်-အာဆီယံ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲကို စိန်ကျင့်မြို့တွင် ကျင်းပမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2023-05-23 14:57:57  

မေလ ၂၂ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ မော်နင် က ၂၉ကြိမ်မြောက် တရုတ်-အာဆီယံ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲကို မေလ ၂၄ ရက်နေ့မှ ၂၆ရက်နေ့အထိ တရုတ်နိုင်ငံ စိန်ကျင့်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း၊ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ကြီးလက်ထောက် Nong Rong သည် တရုတ်ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကာ တရုတ်-အာဆီယံ ဆက်ဆံမှု ညှိနှိုင်းရေးနိုင်ငံ မြန်မာနိုင်ငံမှ အာဆီယံရေးရာ အဆင့်မြင့်အရာရှိကြီး ဦးချမ်းအေး နှင့်အတူ အစည်းအဝေးကို ကြီးမှူးကျင်းပမည် ဖြစ်ကြောင်း ပြေားကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ မော်နင် က မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်-အာဆီယံ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲသည် တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား အရေးကြီးသော နှစ်ပတ်လည်ဆွေးနွေးပွဲဖြစ်ပြီး တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် တရုတ်-အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်မှု ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။