တောင်တရုတ်ပင်လယ်အောက်တွင် ရှေးဟောင်းသင်္ဘောပျက် နှစ်စင်းကို ရှာဖွေတွေ့ရှိ

(GMT+08:00)2023-05-23 14:56:48  


  

     မေလ ၂၁ ရက်နေ့က တရုတ် အမျိုးသား ရှေးဟောင်းယဉ်ကျေးမှုဌာန၊ တရုတ် သိပ္ပံနည်းပညာ ဝန်ကြီးဌာနနှင့် အခြား ယူနစ်များသည် ဟိုင်နန် စန်းယာ့မြို့တွင် တရုတ်ပြည်၏ အသစ်ရှာဖွေတွေ့ရှိသော ရေနက် ရှေးဟောင်း သုတေသနပြုမှုများကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၂၀၂၂ခုနှစ် အောက်တိုဘာလက တောင်တရုတ်ပင်လယ်၏ အနောက်မြောက်ဘက် ကုန်းစောင်း  မီတာ ၁၅၀၀ ခန့်အနက်တွင် ရှေးဟောင်း သင်္ဘောပျက် နှစ်စင်းကို ရှာဖွေတွေ့ရှိခဲ့ပါသည်။