ရှီကျင့်ဖိန်သည် မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စု၏ သမ္မတသစ်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2023-05-22 16:15:57  

မေလ ၁၈ ရက်နေ့က တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် မိုက်ခရိုနီးရှား ဖက်ဒရယ် ပြည်ထောင်စု၏ သမ္မတအဖြစ် အရွေးခံရသော ဝယ်စလီ စီမီနာထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် မိုက်ခရိုနီးရှားနှစ်နိုင်ငံ သံတမန်ဆက်ဆံမှု ထားရှိခဲ့သည့် ၃၄ နှစ်ကြာ ကာလအတွင်း နှစ်ဖက်အကြား အပြန်အလှန် လေးစားမှုနှင့် တန်းတူရည်တူ ပေါင်းသင်း ဆက်ဆံမှု အခြခံ ပေါ်တွင် နှစ်နိုင်ငံ ဆက်ဆံမှု သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး နှစ်နိုင်ငံပြည်သူများအတွက် မြင်သာ ထင်သာ သော အကျိုးကျေးဇူးများ ဆောင်ကြဉ်းလာခဲ့ကြောင်း၊ မိမိအနေနှင့် နှစ်နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို လွန်စွာ အလေးထားပြီး သမ္မတ စီမီနာနှင့် လက်တွဲ ကြိုးပမ်းဆောင်ရွက်ကာ နှစ်နိုင်ငံ၏ အဓိက အကျိုးစီးပွားများနှင့် သက်ဆိုင်သော အရေးကိစ္စရပ်များတွင် အပြန်အလှန် ထောက်ခံအားပေးပြီး နယ်ပယ်အသီးသီးမှ ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေ၍ တရုတ်-မိုက်ခရိုနီးရှား ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုနှင့် နှစ်နိုင်ငံပြည်သူများ၏ ချမ်းသာသုခ အတွက် တွန်းအားပေးလိုကြောင်း ဖော်ပြခဲ့ပါသည်။