အယ်လ်ဆာဗေဒိုနိုင်ငံရှိ ဘောလုံးကွင်း၌ လူအုပ်နင်းမိမှုဖြစ်ပွားပြီး လူ (၁၂)ဦး သေဆုံးကာ (၁၀၀)ကျော် ဒဏ်ရာရရှိ

(GMT+08:00)2023-05-22 16:25:37  

မေလ ၂၀ရက်နေ့က အယ်လ်ဆာ‌ဗေဒိုနိုင်ငံ ဆန်ဆာဗေဒိုမြို့တော်၌ ဘောလုံးပြိုင်ပွဲ ကျင်းပခဲ့ရာတွင် ပွဲကြည့်ပရိသတ်များ လူအုပ်နင်းမိမှုဖြစ်ပွားခဲ့သောကြောင့် လူ(၁၂)ဦး သေဆုံးပြီး (၁၀၀)ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ အယ်လ်ဆာဗေဒိုနိုင်ငံသမ္မတ Bukeleသည် ယင်းမတော်တဆမှု ဖြစ်ပွားသောအကြောင်းအရင်းကို စုံစမ်းစစ်ဆေးပြီး အဓိကတာဝန်ရှိသူများကို တာဝန်ခံစေပြီး အရေးယူရန် ကတိပြုခဲ့ကြောင်း အယ်လ်ဆာဗေဒိုနိုင်ငံ အစိုးရက မေလ ၂၁ရက်နေ့က ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် မတော်တဆမှုဖြစ်ပွားသောအကြောင်းအရင်းကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ပွဲကြည့်ပရိသတ်များအား လက်မှတ်အလွန်အကျွံရောင်းချကာ ဘောလုံးကွင်းဝင်သူ အလွန်အကျွံရှိခြင်းသည် မတော်တဆမှုဖြစ်စေသော အကြောင်းရင်းများထဲမှ တစ်ခုဖြစ်နိုင်သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။