Artemovsk ဒေသကို သိမ်းပိုက်ခဲ့ပြီ ဖြစ်သည်ဟု Wagner အုပ်စု ဆို

(GMT+08:00)2023-05-22 16:24:47  

ရုရှားပုဂ္ဂလိကစစ်ရေးအုပ်စု ဖြစ်သော Wagner စတင်တည်ထောင်သူ Yevgeny Prigozhin က Wagner အုပ်စုသည် Donetsk Artemovsk ဒေသ( ယူကရိန်းခေါ် Bakhmut ) ကို အပြည့်အဝ သိမ်းပိုက်ခဲ့ပြီ ဖြစ်ကြောင်း မေလ ၂၀ရက်နေ့က ပြောကြားခဲ့ပါသည်။

Artemovsk ဒေသသည် Donbass ရှိ ယူကရိန်းတပ်ဖွဲ့များအတွက် ပစ္စည်း ထောက်ပံ့မှုရရှိရန် အရေးကြီးသော လမ်းပန်းဆက်သွယ်ရေးအချက်အချာနေရာ ဖြစ် ကြောင်း၊ ရုရှားတပ်ဖွဲ့နှင့် ယူကရိန်းတပ်ဖွဲ့များအကြား ယင်းဒေသတွင် ပြင်းထန်သော တိုက်ပွဲများ ၃-၄လကြာဖြစ်ပွားခဲ့ကြောင်း ရုရှားသတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ Artemovsk တိုက်ပွဲသည် ယူကရိန်းနိုင်ငံတွင် ရုရှားနိုင်ငံ၏ စစ်ဆင်ရေးများတွင် အချိန်အကြာရှည်ဆုံးသော တိုက်ပွဲပင် ဖြစ်ကြောင်း ပြင်သစ်သတင်းဌာနက ဧပြီလ ၃ရက်နေ့က ရေးသားဖော်ပြခဲ့ပါသည်။