နန်ရွေ့ဒေသတွင် Gleditsia vestita ထပ်မံတွေ့ရှိပြီး တစ်ကမ္ဘာလုံးတွင် ၁၀ ပင် သာရှိ

(GMT+08:00)2023-05-22 16:23:17  

မေလ ၂၂ရက်နေ့ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ ကျရောက်လာသည့်အချိန်တွင် ဟူနန်ပြည်နယ် နန်ရွေ့ဟန်စန်းတောင် နိုင်ငံတော်အဆင့် သဘာဝထိန်းသိမ်းရေးဇုန်မှ ဝန်ထမ်းများ၏ မကြာသေးမီက ရှာဖွေတွေ့ရှိမှုမှာ Gleditsia vestita တစ်ပင်ကို ထပ်မံတွေ့ရှိခဲ့ပါသည်။ ယင်းတွေ့ရှိမှုသည် နန်ရွေ့ဒေသတွင်တွေ့ရှိပြီး ထိန်းသိမ်းထားသည့် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော သဘာဝအတိုင်းပေါက်လာသည့် Gleditsia vestita ၏ အပင်ရေ ၉ ပင်မှ ၁၀ ပင်အထိ တိုးလာစေပါသည်။