ကမ်းစုပြည်နယ်ရှိ မဟာတံတိုင်းကြီး၏အလှတရားများ

(GMT+08:00)2023-05-21 16:17:52  

    ကမ်းစုပြည်နယ်ရှိ မဟာတံတိုင်းကြီး၏ စုစုပေါင်းအရှည်မှာ ၃၆၅၄ ကီလိုမီတာဖြစ်ပြီး တရုတ်နိုင်ငံတွင် ဒုတိယအဆင့်နေရာမှာရှိပါသည်။ ၎င်းတို့အနက် ဟိုရှီစင်္ကြံတွင် ဟန့်မင်းဆက်မှ မဟာတံတိုင်းကြီးအရှည်က ကီလိုမီတာ ၁၄၀၀ ကျော်နှင့် မင်မင်းဆက်မှ မဟာတံတိုင်းအရှည်က ကီလိုမီတာ ၁၂၀၀ ကျော်ရှိပါသည်။ ၎င်းကို "မဟာတံတိုင်းကြီး လေဟာပြင်ပြတိုက်" ဟု လူသိများပါသည်။ ကြီးကျယ်ခမ်းနားသော တောင်တန်းများ၏ အလှများ၊ ဂိုဘီ သဲကန္တာရ၏ သဘာဝမြင်ကွင်းများ၊ မဟာတံတိုင်းကြီး၏ ကျော်ကြားမှုနှင့် အဆုံးမဲ့သော ဝိညာဉ်တို့ကို ဤ "ပြတိုက်" တွင် နှစ်ထောင်ပေါင်းများစွာကြာအောင် မြုပ်နှံထားခဲ့ပါသည်။