CMG၏ လုပ်ငန်းစဉ် ၂ရပ် တရုတ်-အလယ်အာရှ ထိပ်သီး အစည်းအဝေး အောင်ကျိုးရလဒ်များ စာရင်းတွင် ထည့်သွင်းခြင်းခံရ

(GMT+08:00)2023-05-21 16:16:03  

တရုတ်-အလယ်အာရှ ထိပ်သီး အစည်းအဝေးကို ယခုလ ၁၈ရက်နေ့မှ ၁၉ရက်နေ့အထိ တရုတ်ပြည် ရှန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ အစည်းအဝေး ကျင်းပစဉ် အတောအတွင်း  China Media Groupနှင့် အလယ်အာရှ ၅နိုင်ငံမှ အဓိက မီဒီယာတို့ ပူးတွဲ ကျင်းပခဲ့ကြသော “အလယ် အာရှ ရေစက်”ဟူသော တရုတ် ရုပ်ရှင်နှင့် ရုပ်သံ အစီအစဉ်များ ပြသရေး လှုပ်ရှားမှု၊ တရုတ်-အလယ် အာရှ မီဒီယာ အဆင့်မြင့် ဆွေးနွေးရေးနှင့် ကူးလူးဖလှယ်ရေး လှုပ်ရှားမှု လုပ်ငန်းစဉ် ၂ရပ်သည် တရုတ်-အလယ်အာရှ ထိပ်သီး အစည်းအဝေး အောင်ကျိုးရလဒ်များ အမည်စာရင်းတွင် ထည့်သွင်းခြင်းခံရပါသည်။