ဟိုပေတွင် “ဖရဲသီးနှင့် သီးမွှေးသခွားချို အလှ” ရွေးချယ်ပွဲ ကျင်းပ

(GMT+08:00)2023-05-21 16:21:33  

    ယခုလ ၂၀ရက်နေ့တွင် တရုတ်ပြည် ဟိုပေ ပြည်နယ် ရှင်းလို့မြို့တွင် စတုတ္ထ အကြိမ် “ဖရဲသီးနှင့် သီးမွှေးသခွားချို အလှ” ရွေးချယ်ပွဲကို ဖွင့်လှစခဲ့ပြီး ဖရဲသီးနှင့် သီးမွှေးသခွားချို စိုက်ပျိုးသူ တောင်သူလယ်သမားများနှင့် မြို့သူမြို့သားများကို လာရောက် ပါဝင်ကြည့်ရှုရန် ဆွဲဆောင်ခဲ့ပါသည်။ မကြာမီ နှစ်များတွင် ရှင်းလို့မြို့သည် ဒေသခံ သဲမြေ အရင်းအမြစ် အားသာချက်ကို အသုံးပြုပြီး တောင်သူလယ်သမားများအား “သမဝါယမအဖွဲ့+ အခြေခံစခန်း + လယ်သမား” ဟူသော ပုံစံဖြင့် ဖရဲသီးနှင့် သီးမွှေးသခွားချို စသည့် သစ်သီးဝလံများ စိုက်ပျိုးရေးကို အတိုင်းအတာ ကြီးမားစွာ လုပ်ကိုင်ဆောင်ရွက်ရန် ဦးဆောင်ကာ ဝင်ငွေကို တိုးပွားစေပါသည်။ ရှင်းလို့မြို့၏ ဖရဲသီး၊ သခွားမွှေးနှင့် သီးမွှေးသခွားချို စိုက်ပျိုးသည့် ဧရိယာ အကျယ်အဝန်းမှာ တရုတ် ဧက ၆သောင်းကျော် ရှိကြောင်း သိရပါသည်။