ကွမ်ရှီးနန်နင်းမြို့တွင် တရုတ်နှင့် နိုင်ငံခြားအ၀တ်အစား ဖက်ရှင်ရှိုးပွဲ ပြသ

(GMT+08:00)2023-05-20 15:28:54  

မေလ ၁၈ရက်နေ့ညက ၂၀၂၃ခုနှစ် ခန့်ညားတဲ့အဝတ်အစားများဟူသော ကွမ်ရှီး-အာဆီယံ တိုင်းရင်းသား အဝတ်အစားဖက်ရှင်ရှိုးပွဲကို ကွမ်ရှီးယဉ်ကျေးမှုအနုပညာစင်တာတွင် ပြသခဲ့ သည်။ ယင်းဖက်ရှင်ရှိုးပွဲသည်  တရုတ်ရိုးရာအဝတ်အစားပြပွဲ၊ ကွမ်ရှီး တိုင်းရင်းသား အဝတ်အစား ပြပွဲနှင့် အာဆီယံနိုင်ငံများအဝတ်အစားပြပွဲ ဆိုပြီး ခွဲထားကာ တရုတ်နှင့်အာဆီယံနိုင်ငံများ အဝတ်အစား ဖက်ရှင်များ ကို ပြသခဲ့ သည်။