ကမ္ဘာသည် ပိုမိုများပြားသော “တရုတ်-အလယ် အာရှ အကျိုးပြုမှု”ကို လိုအပ်

(GMT+08:00)2023-05-20 14:58:10  

မေလ ၁၉ရက်နေ့ နံနက်ပိုင်းက တရုတ်ပြည် ရှန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် တရုတ်-အလယ်အာရှထိပ်သီးအစည်းအဝေးကို အောင်မြင်စွာ ကျင်းပခဲ့ပြီး ဖြစ်ပါသည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူးကျင်းပပြီး မိန့်ခွန်း ပြောကြားရာတွင် ကမ္ဘာကြီးအနေဖြင့် တည်ငြိမ်သော သာယာဝပြောသော အေးချမ်းသင့်မြတ်သော အပြန်အလှန်ဆက်သွယ်သော အလယ်အာရှကို လိုအပ်ကြောင်း အလေးထားပြောကြားပြီး အလယ် အာရှ နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ၏ တက်ကြွလှိုက်လှဲသော တုံ့ပြန်မှုများ ရရှိခဲ့ပါသည်။

လက်ရှိတွင် ကမ္ဘာနှင့် ခေတ်ကာလသည် မကြုံစဖူး ကြီးမားစွာ ပြောင်းလဲနေပြီး တရုတ်နှင့် အလယ် အာရှ ၅နိုင်ငံတို့သည် နိုင်ငံတကာ အခြေအနေ ပြောင်းလဲမှု ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရကာ  ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြန်လည်ရှင်သန်မှု ဖော်ဆောင်ရန် သော့ချက်ကျသော အဆင့်ကာလတွင် ရှိနေပါသည်။ ယင်းသည် နှစ်ဖက်တို့ ပိုမို ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရန် အတွက် အတွင်းပိုင်း တွန်းအားပေးမှုပင် ဖြစ်ပါသည်။

ခေတ်ကာလသစ်တွင် တရုတ်-အလယ် အာရှ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို မည်သို့ တည်ဆောက်မည်နည်းနှင့် ပတ်သက်၍ တရုတ်ဘက်မှ တင်ပြသော အဆိုပြုချက်များမှာ အပြန်အလှန် ဖေးမကူညီခြင်း၊ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု၊ ယေဘုယျ လုံခြုံရေးနှင့် စဉ်ဆက်မပြတ် ချစ်ကြည်ရေးတို့ ဖြစ်ပါသည်။ နှစ်ဖက်တို့၏ ပူးပေါင်းဆောင်ရွက်မှုကို မည်သို့ တွန်းအားပေးမည်နည်းနှင့် ပတ်သက်၍ တရုတ်ဘက်မှ တင်ပြသော အဆိုပြုချက်များမှာ စနစ်တည်ဆောက်ရေး အားသစ်လောင်းပေးခြင်း၊ စီးပွားကုန်သွယ်ရေးဆက်ဆံမှု မြှင့်တင်ခြင်း၊ အပြန်အလှန်ဆက်သွယ်ရေးပိုမိုနက်ရှိုင်းစေခြင်း၊ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ပြုလုပ်ခြင်း၊ အစိမ်းရောင်တီထွင်ဆန်းသစ်မှု တွန်းအားပေးခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးစွမ်းရည် မြှင့်တင်ခြင်း၊ ယဉ်ကျေးမှု ဆွေးနွေးခြင်း အားသစ်လောင်းပေးခြင်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေး ကာကွယ်ထိန်းသိမ်းခြင်းတို့ ဖြစ်ပါသည်။ ယင်းသည် ပြီးပြည့်စုံသော၊ စုပေါင်းသော၊ စည်းစနစ်ကျသော တရုတ် နည်းလမ်း ဖြစ်ပြီး အခြေခံမူ၊ အသေးစိတ် အချက်အလက်များ၊ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ ပါရှိကာ ပိုမို ရင်းနှီးသော တရုတ်-အလယ် အာရှ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး အတွက် အခြေခံ အထောက်အပံ့များနှင့် လုပ်ဆောင်မှု လမ်းညွှန်ချက်များ ကို ပေးနေပါသည်။

ပိုမို ရင်းနှီးသော တရုတ်-အလယ် အာရှ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး သည် နှစ်ဖက်တို့ နှစ်ထောင်ချီရှိသော ချစ်ကြည်ရေးကို စဉ်ဆက်မပြတ် ဆက်ခံရန်နှင့် တမူဆန်းသစ်သော အနာဂတ်ရေးကို ဖွင့်လှစ်ရန် အကျိုးရှိရုံ သာမက နိုင်ငံတကာ တရားမျှတမှု ထိန်းသိမ်းကာကွယ်ရေး အတွက် အကျိုးပြုမှုသစ်များကိုလည်း စွမ်းဆောင်ကာ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ စည်းလုံးညီညွတ်မှုနှင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ငံခြင်း အတွက် စံနမူနာအသစ်ကို စိုက်ထူလိုက်ခြင်းပင် ဖြစ်ပါသည်။