ကျန်းစူးပြည်နယ် နန်ထွန်းမြို့သည် ကမ္ဘာ့အဆင့် သင်္ဘောနှင့်ပင်လယ် အင်ဂျင်နီယာ အဆင့်မြင့် ထုတ်လုပ်ရေး လုပ်ငန်းစုကို ဖန်တီး

(GMT+08:00)2023-05-20 16:12:51  

ကျန်းစူးပြည်နယ် နန်ထွန်းမြို့သည် ယန်ဇီမြစ်ကမ်းနှင့် ပင်လယ်ကမ်းရိုးတန်း ဒေသနေရာများ၏ အားသာချက်ကို အားကိုးပြီး သင်္ဘောနှင့်ပင်လယ်အင်ဂျင်နီယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေ ရန်အတွက် ထူးခြားချက် ပါရှိသောလုပ်ငန်းဇုန်ကို တည်ဆောက်ပါသည်။ ၂၀၂၂ခုနှစ် အောက်တိုဘာလက ကျန်းစူးပြည်နယ် နန်ထွန်းမြို့၊ ထိုက်ကျိုးမြို့၊ ယန်ကျိုးမြို့တို့မှ ပင်လယ် အင်ဂျင်နီယာ တပ်ဆင်ရေး နှင့် အဆင့်မြင့်နည်းပညာသင်္ဘော ခေတ်မီ ထုတ်လုပ်ရေး လုပ်ငန်းစုသည် တရုတ်အဆင့်မြင့်ထုတ်လုပ်ရေး လုပ်ငန်းစု နာမည်စာရင်းထဲသို့ ဝင်ရောက် ခဲ့ပြီး ကမ္ဘာ့ အဆင့် သင်္ဘောနှင့် ပင်လယ်  အင်ဂျင်နီယာ အဆင့်မြင့်ထုတ်လုပ်ရေးလုပ်ငန်းစုကို အားသွန် ခွန်စိုက် ဖန်တီးလာခဲ့ပါသည်။