ကမ်းစုတွင် Photovoltaic နည်းလမ်းဖြင့် သဲထိန်းချုပ်မှုပြုလုပ်သည့် တစ်ချိန်တည်းတွင် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်နေ

(GMT+08:00)2023-05-20 16:07:49  

    လွန်ခဲ့သည့်နှစ်များတွင် ကမ်းစုပြည်နယ် ဝူဝေးမြို့ လျန်ကျိုးဒေသတွင် Photovoltaic နည်းလမ်းဖြင့် သဲထိန်းချုပ်မှု ပုံစံသစ်ကို စူးစမ်းလေ့လာရာ ထိန်ကယ်လ် သဲကန္တာရတွင် photovoltaic သဲထိန်းချုပ်မှုဆိုင်ရာ သရုပ်ပြစီမံကိန်းများကိုပြုလုပ်ခဲ့ပါသည်။ photovoltaic ဓာတ်အားပေး စက်ရုံများ တည်ဆောက်နေစဉ်တွင် မိုးခေါင်မှု ခံနိုင်ရည်ရှိသော သဲအပင်များကို photovoltaic panels များအောက်တွင် စိုက်ပျိုးထားပြီး၊ နေရောင်ခြည်စွမ်းအင် ဖော်ထုတ်မှုနှင့် ထိန်ကယ်လ်သဲကန္တာရ ထိန်းချုပ်ပြုပြင်မှုတို့ကို ပေါင်းစပ်ကာ စီးပွားရေးနှင့် ဂေဟစနစ်ဆိုင်ရာ အကျိုးကျေးဇူးများ ရရှိနိုင်သည့် အခြေအနေကောင်းကို အကောင်အထည် ဖော်နိုင်ခဲ့ ပါသည်။