အီလီဒေသတွင် ပန်းရှုစားခြင်းသည် စီးပွားရေး ချမ်းသာ လာစေသည့် လုပ်ငန်းသစ်တစ်ခုဖြစ်လာ

(GMT+08:00)2023-05-20 16:07:11  

    လွန်ခဲ့သည့်နှစ်များတွင် ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ အီလီဒေသတွင် “ပန်းရှုစားခြင်း” လှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ပြီး ခရီးသွားဝန်ဆောင်မှု အခြေခံအဆောက်အအုံ အရည်အချင်းကို မြှင့်တင်ခြင်းဖြင့် ဒေသခံ ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေပါသည်။ ထူးခြားမှုရှိသော ကျေးရွာလက္ခဏာနှင့် ပွဲတော် လှုပ်ရှားမှု အမျိုးမျိုးကို ဖော်ဆောင်ခြင်းဖြင့် ခရီးသွားများကို လာရောက်လည်ပတ်ရန် စွဲဆောင်ပြီး ဒေသခံများ၏ဝင်ငွေ တိုးများစေရန်နှင့်  စီးပွားရေး ချမ်းသာလာစေရန်အတွက် တွန်းအား ပေးနေပါ သည်။