G7 အား တံခါးဖွင့်မှုနှင့် ဘက်ပေါင်းစုံ ပါဝင်စေမှု ခေတ်ရေစီးကြောင်းနှင့် လိုက်လျောညီထွေစေကာ အကျပ်ကိုင်သံတမန်ရေးနှင့် ပိတ်သိမ်း ဝိုင်းပယ်သော “အုပ်စုငယ်”ကို မဆောင်ရွက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်း

(GMT+08:00)2023-05-20 15:26:45  

တရုတ်ပြည် ဆင်ဟွာသတင်းဌာနက “အမေရိကန်၏ အကျပ်ကိုင် သံတမန်ရေးနှင့် ၎င်း၏အန္တရာယ်များ” ဆိုသည့် အစီရင်ခံစာကို ထုတ်ပြန်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်း၏ဝဘ်ဆိုဒ်တွင်လည်း တစ်ဆင့်ထည့်သွင်းဖော်ြပခြင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က အဆိုပါ အစီရင်ခံစာသည် အဖြစ်အမှန်များနှင့် အချက်အလက် အများအပြားကို အခြေခံ၍ အမေရိကန်က တစ်ကမ္ဘာလုံးတွင် အကျပ်ကိုင် သံတမန်ရေးဖြင့် မကောင်းသော လုပ်ရပ်များကို အပြည့်အဝ ဖော်ပြပြီး နိုင်ငံတကာမိသားစုကြီးအား အမေရိကန် အကျပ်ကိုင်သံတမန်ရေး၏ ဗိုလ်ကျစိုးမိုးရေးသဘာဝကို ပိုမို ရှင်းလင်းစွာ သိရှိစေနိုင်ကြောင်း၊ အားလုံးက ယင်းအစီရင်ခံစာကို သေချာစွာ ဖတ်ကြည့်ရန် အကြံပြုပါကြောင်း၊ တရုတ်နိုင်ငံသည် အကျပ်ကိုင်မှုနှင့် ဗိုလ်ကျစိုးမိုးရေးကို ဘယ်သောအခါမှ ဆောင်ရွက်ခြင်းမရှိဘဲ၊ ဗိုလ်ကျစိုးမိုးရေးဝါဒ၊ တစ်ဖက်သတ်ဝါဒနှင့် အကျပ်ကိုင် သံတမန်ရေးတို့ကို တစ်လျှောက်လုံး ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ကြောင်း၊ G7 အား တံခါးဖွင့်မှုနှင့် ဘက်ပေါင်းစုံ ပါဝင်စေမှု ခေတ်ရေစီးကြောင်းနှင့် လိုက်လျောညီထွေစေကာ အကျပ်ကိုင်သံတမန်ရေးနှင့် ပိတ်သိမ်းဝိုင်းပယ်သော “အုပ်စုငယ်”ကို ဆောင်ရွက်မှုများ မပြုလုပ်ရန် တိုက်တွန်းပါကြောင်း မေလ ၁၉ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။