၃၂ ကြိမ်မြောက် အာရပ်နိုင်ငံများအဖွဲ့ ထိပ်သီး ကောင်စီအစည်းအဝေးသို့ ရှီကျင့်ဖိန်မှ ဂုဏ်ပြု ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2023-05-20 15:00:38  

ယခုလ ၁၉ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ၃၂ ကြိမ်မြောက် အာရပ်နိုင်ငံများအဖွဲ့ ထိပ်သီးကောင်စီ အစည်းအဝေး ကျင်းပခြင်းအတွက် အာရပ်နိုင်ငံများ အဖွဲ့ ထိပ်သီးကောင်စီ အစည်းအဝေး အလှည့်ကျ ဥက္ကဋ္ဌ ဆော်ဒီအာရေဗျနိုင်ငံ ဘုရင် Salman ထံသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်ဟု သတင်းအရသိရပါသည်။

ရှီကျင့်ဖိန်က အာရပ်နိုင်ငံများအဖွဲ့သည် အာရပ်ကမ္ဘာ စည်းလုံးညီညွတ်မှုနှင့် ကိုယ့်ကိုယ်ကို ဖွံ့ဖြိုးမှု တွန်းအားပေးရေးနှင့် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းတည်ငြိမ်မှု နှင့် ဖွံ့ဖြိုးမှုအားဖြည့်ပြုလုပ်ရေးတွင် နှစ်ကာလရှည်ကြာစွာ ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရပါသည်။