ဟေးလွန်ကျန်ပြည်နယ်တွင် အနီရောင်မေလဟူသော တောမီးကာကွယ်ရေး လေ့ကျင့်မှု ဆောင်ရွက် နေ

(GMT+08:00)2023-05-20 15:28:13  

မေလ ၁၉ရက်နေ့က ဟေးလွန်ကျန်ပြည်နယ်တွင် တရုတ်အရှေ့မြောက် သစ်တောဧရိယာရှိ "အနီရောင်မေလ"ဟူသော အရေးပေါ်မီးကာကွယ်ရေးကာလကို ဝင်ရောက်နေပါပြီ။ တရုတ်မြောက်ပိုင်းနယ်စပ်ဒေသရှိ သစ်တောများကို မီးဘေးအန္တရာယ်မှ ကာကွယ်ရန်အတွက် တာ့ရှင်းအန်းလင် သစ်တောမီးသတ်တပ်ဖွဲ့၏ ဟူမာခရိုင်တပ်ခွဲ၊ တာ့ရှင်းအန်းလင် သစ်တော မီးသတ်တပ်ဖွဲ့၏ ဒုတိယတပ်ခွဲနှင့် ဟာလ်ပင်သစ်တောမီးသတ်တပ်ဖွဲ ကျန်းဟယ်တပ်ခွဲတို့ သည် လေ့ကျင့်မှုများ  ပြုလုပ်နေကြသည်။