စမတ်သိပ္ပံနည်းပညာသည် လူမှုဘဝထဲ ဝင်ရောက်လာ

(GMT+08:00)2023-05-20 16:13:53  

သတ္တမအကြိမ်မြောက် ကမ္ဘာ့စမတ်ညီလာခံကို မေလ ၁၈ရက်နေ့မှ ၂၁ရက်နေ့အထိ ထျန်ကျင်းမြို့၌ ကျင်းပခဲ့ပါသည်။ ယင်းညီလာခံ၏အရေးကြီးအစိတ်အပိုင်းအနေနှင့် စမတ် သိပ္ပံနည်းပညာပြပွဲတွင် စမတ်လမ်းပန်းဆက်သွယ်ရေး၊ စမတ်လူမှုဘဝ၊ ဒစ်ဂျစ်တယ်ငွေကြေး နှင့် ဒစ်ဂျစ်တယ်ကျန်းမာရေး စသော ပြခန်း(၁၀)ခန်းကို ထားရှိ ပါသည်။ ကုမ္ပဏီလုပ်ငန်းနှင့် ဌာန စုစုပေါင်း (၄၉၂)ခု ပြပွဲတွင်ပါဝင်ပြသကြပြီး ပြခန်းနေရာ အကျယ်အဝန်း စတုရန်းမီတာ(၁)သိန်း (၂)သောင်းရှိပါသည်။ စမတ်သိပ္ပံနည်းပညာပစ္စည်းများကို ပြသခြင်းဖြင့် စမတ်သိပ္ပံနည်းပညာ၏ ကောင်းကျိုး ရလဒ်များသည် လူများ၏ဘဝကို ဝင်ရောက်နေသည်ဟု ပရိသတ်များကို ခံစားစေခဲ့ ပါသည်။