ဖုန်လိယွမ်သည် တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေး တက်ရောက်လာသော ခေါင်းဆောင်များ၏ ဇနီးများနှင့်အတူ ရှီးအန်းမြို့ ယီဆုပြဇာတ်ရုံသို့ လည်ပတ်

(GMT+08:00)2023-05-20 15:07:22  

မေလ ၁၉ ရက်နေ့ မနက်ပိုင်းတွင် တရုတ်သမ္မတရှီကျင့်ဖိန်၏ ဇနီး  ဖုန်လိယွမ်သည် တရုတ်- အလယ်အာရှ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသော တာဂျစ်ကစ္စတန် သမ္မတ၏ဇနီး နှင့် ယူဇဘက်ကစ္စတန်သမ္မတ၏ဇနီး တို့နှင့်အတူ ရှီအန်းမြို့ရှိ ယီဆုပြဇာတ်ရုံသို့ သွားရောက် လည်ပတ်ခဲ့ကြကြောင်း သိရပါသည်။ 

ဖုန်လိယွမ်သည် ဧည့်သည်တော်များနှင့်အတူ တရုတ် ကျင်းအော်ပရာ အနုပညာပြတိုက်ကိုလည်ပတ်ကြည့်ရှုပြီး ကျင်းအော်ပရာ၏ သမိုင်းကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို လေ့လာခဲ့ကြပါသည်။ ယီဆုပြဇာတ်ရုံ၏ ပြတိုက်ခန်းမတွင် အရိပ်ရုပ်သေး ပြုလုပ်ခြင်း စွမ်းရည်များကို လေ့လာခဲ့ပြီး အရိပ်ရုပ်သေး ဖျော်ဖြေမှုများကိုလည်း  ကြည့်ရှုခဲ့ကြပါသည်။ ရာစုနှစ်ကျော် သက်တမ်းရှိသည့် ယီဆုပြဇာတ်ရုံတွင် ကျင်းအော်ပရာမှ ဂန္ထဝင် အော်ပရာများကိုလည်း ကြည့်ရှု ခံစားခဲ့ကြပါသည်။ 

ဖုန်လိယွမ်က အလယ်အာရှနိုင်ငံများနှင့် ယဉ်ကျေးမှုနှင့် အနုပညာဖလှယ်မှုများ၊ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ပြီး ပြည်သူအချင်းချင်းအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ သည်။ တာဂျစ်ကစ္စတန်နှင့် ယူဇဘက်ကစ္စတန် သမ္မတ တို့၏ဇနီးများကလည်း ယခုခရီးစဉ်အတွင်း ပိုးလမ်းမသည် တရုတ်နှင့် အလယ်အာရှယဉ်ကျေးမှုများကို ဆက်နွယ်ပေးထားသည်ဟု ခံစားမိကြောင်းနှင့် တရုတ်နိုင်ငံ၏ ရိုးရာ ယဉ်ကျေးမှုများကို အလေးထားကာကွယ်ပြီး ထိန်းသိမ်းထား ပုံများကို လေးစားမိကြောင်း၊ အပြန်အလှန် သင်ယူစရာများ လည်း ရရှိခဲ့ကြောင်း ပြန်လည် ပြောကြားခဲ့ ကြပါသည်။