"ပန်းချီကားချပ်သဖွယ် လှပနေသော တောတောင်ရေမြေ" Qin Chuan မှ သဘာဝတရားအသံ

(GMT+08:00)2023-05-19 21:36:49  

Qinqiang Opera သည် တရုတ်နိုင်ငံရှိ ဟန်လူမျိုးတို့၏ ရှေးအကျဆုံး အော်ပရာဇာတ်တစ်မျိုးဖြစ်ပြီး နှစ်ပေါင်း ၂၀၀၀ ကျော် သမိုင်းကြောင်းရှိသည်။ ၎င်းကို လူငယ်အချို့က တရုတ်ရှေးခေတ်၏ "ရော့ခ်ဂီတ" ဟု ခေါ်ဝေါ်ကြသည်။ ၂၀၀၆ ခုနှစ်တွင် Qinqiang Opera ကို တရုတ်နိုင်ငံ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း၏ ပထမအသုတ်တွင် ထည့်သွင်းခဲ့သည်။