ထိုင်းနိုင်ငံ၏နိုင်ငံရေးပါတီ၈ပါတီကညွန့်ပေါင်းအစိုးရသစ်ဖွဲ့စည်းကြောင်းကြေညာ

(GMT+08:00)2023-05-19 17:46:41  

၁၈ရက်နေ့နံနက်ပိုင်းတွင်ထိုင်းနိုင်ငံအောက်လွှတ်တော်ရွေးကောက်ပွဲမှာအမတ်နေရာအများဆုံးရရှိခဲ့သည့်နိုင်ငံရေးပါတီ၈ပါတီကပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ကာညွန့်ပေါင်းအစိုးရဖွဲ့စည်းကြောင်းကြေညာခဲ့ပါသည်။

သတင်းစာရှင်းလင်းပွဲတွင်Move Forward ပါတီခေါင်းဆောင်ပီတာကMove Forward ပါတီဦးဆောင်ပြီးအောက်လွှတ်တော်အမတ်နေရာ၃၁၃နေရာကိုစုစည်းကာအစိုးရအဖွဲ့ဖွဲ့စည်းရန်အရည်အချင်းပြည့်မီကြောင်းပြောကြားခဲ့ပါသည်။နိုင်ငံရေးပါတီ၈ခုစလုံးကပီတာအားလူထု၏သဘောထားကိုလေးစားလိုက်နာပြီးထိုင်းနိုင်ငံ၏အယောက်၃၀မြောက်ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ရန်သဘောတူခဲ့ကြပါသည်။