ရှီကျင့်ဖိန် သည် အလယ်အာရှတည်ဆောက်ရေးနှင့်ပတ်သက်ပြီး အဆိုပြုချက် ၄ချက်ကို တင်ပြ

(GMT+08:00)2023-05-19 15:13:33  

မေလ ၁၉ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ရှန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် တရုတ်-အလယ်အာရှထိပ်သီးအစည်းအဝေးကို ကြီးမှူးကျင်းပပြီး မိန့်ခွန်း ပြောကြားရာတွင် အလယ်အာရှတည်ဆောက်ရေးနှင့်ပတ်သက်ပြီး အဆိုပြုချက် ၄ချက်ကို တင်ပြခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန် က ကမ္ဘာကြီးအနေဖြင့် တည်ငြိမ်သော သာယာဝပြောသော အေးချမ်းသင့်မြတ်သော အပြန်အလှန်ဆက်သွယ်သော အလယ်အာရှကို လိုအပ်ကြောင်း၊ အလယ်အာရှနိုင်ငံများ၏ နိုင်ငံတော်အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ လွတ်လပ်ရေးနှင့် နယ်မြေတည်တံ့ပြည့်စုံရေးကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ အလယ်အာရှ နိုင်ငံများမှ ပြည်သူများ ရွေးချယ်သော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းများကို လေးစားရမည် ဖြစ်ကြောင်း၊ အလယ်အာရှဒေသတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ် အေးချမ်းရေးကို ရရှိရန် ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံရမည် ဖြစ်ကြောင်း၊ မည်သူမဆို အလယ်အာရှဒေသတွင် ပဋိပက္ခများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖန်တီးပိုင်ခွင့်မရှိသကဲ့သို့ နိုင်ငံရေးကိုယ်ကျိုးစီးပွားကို မရှာသင့်ကြောင်း  ပြောကြားခဲ့ ပါသည်။