လာမယ့်တရုတ်-အလယ်အာရှထိပ်သီးအစည်းအဝေးကို၂၀၂၅ခုနှစ်တွင်ကာဇက်စတန်၌ကျင်းပမည်

(GMT+08:00)2023-05-19 14:59:30  

မေလ၁၉ရက်နေ့တွင်တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည်ရှီးအန်းနိုင်ငံတကာအစည်းအဝေးစင်တာ၌အလယ်အာရှနိုင်ငံ၅နိုင်ငံမှခေါင်းဆောင်များနှင့်အတူသတင်းထောက်များနှင့်တွေ့ဆုံခဲ့ပါသည်။

ရှီကျင့်ဖိန်ကယခုအကြိမ်ထိပ်သီးအစည်းအဝေးကိုအခွင့်ကောင်းတစ်ရပ်အနေဖြင့်တရုတ်နှင့်အလယ်အာရှနိုင်ငံများထိပ်သီးခေါင်းဆောင်အစည်းအဝေးစနစ်ကိုတရားဝင်ထူထောင်ပြီးနှစ်နှစ်တစ်ကြိမ်တရုတ်နှင့်အလယ်အာရှနိုင်ငံများတွင်အလှည့်ကျကျင်းပမည်ဖြစ်ကြောင်း၊လာမယ့်အကြိမ်ထိပ်သီးအစည်းအဝေးကို၂၀၂၅ခုနှစ်ကာဇက်စတန်တွင်ကျင်းပမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။