"ပန်းချီကားချပ်သဖွယ် လှပနေသော တောတောင်ရေမြေ" နှစ်ထောင်ချီသက်တမ်းရှိ အနုပညာ

(GMT+08:00)2023-05-19 21:37:41  

အရိပ်ရုပ်သေး (Shadow Puppets) သည် တိရစ္ဆာန်အရေခွံ သို့မဟုတ် ကတ်ထူပြားတို့ဖြင့် ပြုလုပ်ထားသော ဇာတ်ကောင်များ၏ အရိပ်ပုံသဏ္ဍာန်ဖြင့် ဇာတ်လမ်းတင်ဆက်သည့် အရပ်ဘက်ပြဇာတ်ဖြစ်ပြီး နှစ်ပေါင်း ၂၀၀၀ ကျော် သမိုင်းကြောင်းရှိသည်။ ဖျော်ဖြေ တင်ဆက်စဉ် အနုပညာရှင်များသည် အဖြူရောင်ကန့်လန့်ကာ၏နောက်ကွယ်မှ နေပြီး ရုပ်သေးရုပ်ကို ကြိုးဆွဲရင်း ဒေသခံ လူကြိုက်များသော တီးလုံးများဖြင့် ဇာတ်လမ်းကို သရုပ်ဖော်ကာ ကြိုးတပ်တူရိယာများဖြင့် တွဲဖက်တင်ဆက်ကြသည်။ ၂၀၁၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ အရိပ်ရုပ်သေးပညာကို "လူသားမျိုးနွယ်၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြု လက်ရာများစာရင်း" တွင် ထည့်သွင်းကြောင်း ယူနက်စကိုမှ ကြေညာခဲ့သည်။