ရှီကျင့်ဖိန်နှင့် ဇနီးဖုန်လိယွမ်တို့သည် အလယ်အာရှနိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များနှင့် ၎င်းတို့၏ဇနီးများအတွက် ကြိုဆိုဧည့်ခံပွဲကျင်းပပြီးတရုတ်-အလယ်အာရှ ပြည်သူ့ယဉ်ကျေးမှုအနုပညာနှစ်နှင့် တရုတ်-အလယ်အာရှ လူငယ်အနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနားသို့အတူတက်ရောက်

(GMT+08:00)2023-05-19 10:20:09  

မေလ ၁၈ ရက်နေ့ညတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့် ဇနီးဖုန်လိယွမ်တို့သည် ရှန်ရှီးပြည်နယ် ရှီးအန်းမြို့ရှိထမ် မင်းဆက်ခေတ် ဖူလုံယွမ် ပန်းခြံ၌ တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက် လာကြသောအလယ်အာရှနိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များနှင့် ၎င်းတို့၏ဇနီးများအတွက် ကြိုဆိုဧည့်ခံပွဲအခမ်းအနားကျင်းပခဲ့ပါသည်။ ကာဇက်စတန်နိုင်ငံသမ္မတTokayev ၊ တာဂျစ်စတန်နိုင်ငံသမ္မတJaparov ၊ တာဂျစ်ကစ္စတန်နိုင်ငံသမ္မတRahmon ၊ တာ့ခ်မင်နစ္စတန်နိုင်ငံသမ္မတBerdimuhamedov ၊ ယူဇဘက်ကစ္စတန်နိုင်ငံသမ္မတMirziyoyevနှင့် ၎င်းတို့၏ ဇနီးများအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်တို့သည် ဧည့်သည်တော်များအားခင်မင်ရင်းနှီးစွာလက်ဆွဲနှုတ်ဆက်ကြပြီးအမှတ်တရဓာတ်ပုံများလည်းအတူရိုက်ခဲ့ကြပါသည်။

ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်တို့သည် ဧည့်သည်တော်များအားကြိုဆိုသည့် အနေဖြင့် ထမ် မင်းဆက်ခေတ် ပုံစံကြိုဆိုပွဲအခမ်းအနားကိုကျင်းပခဲ့ပြီးဧည့်ခံပွဲလည်းကျင်းပပြုလုပ် ခဲ့ပါသည်။

ရှီကျင့်ဖိန်ကတရုတ်အစိုးရနှင့်ပြည်သူများကိုယ်စားအလယ်အာရှမှ ထိပ်သီးခေါင်းဆောင်များအားလှိုက်လှိုက်လှဲလှဲကြိုဆိုပါကြောင်း၊ တရုတ်နှင့် အလယ်အာရှ နိုင်ငံများသံတမန် ဆက်ဆံရေးထားရှိခဲ့သည့် နောက်ပိုင်းထူးမြတ်သောလမ်းကြောင်းများကို လျှောက်လှမ်းပြီးတစ်ကမ္ဘာလုံးတွင် အံ့ဖွယ်ကောင်းသောအောင်မြင်မှုများကိုရရှိနိုင်ခဲ့ကြောင်း၊ နိုင်ငံတကာအခြေအနေမည်သို့ပင် ပြောင်းလဲသည် ဖြစ်စေမိမိတို့သည် အစဉ်တစိုက် အပြန်အလှန် လေးစားပြီးအိမ်နီးချင်းကောင်းလိုချစ်ခင်ရင်းနှီးကာတစ်လှေတည်းစီးတစ်ခရီးတည်းသွား၍ အပြန်အလှန် အကျိုးရှိစေရေးကိုဖော်ဆောင်နိုင်ခဲ့ကြောင်း၊ နှစ်ဖက်အကြားဆက်ဆံရေးသည် အိမ်နီးချင်းကောင်း- မဟာဗျူဟာမြောက် မိတ်ဖက်-ကံကြမ္မာတူအသိုက်အဝန်းဖြစ်သည့် သမိုင်းဝင် တိုးတက်မှုများရရှိပြီးဒေသတွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် အပြုသဘောဆောင်သောအင်အားဆောင်ကြဉ်းပေးလာ၍ လူသားကံကြမ္မာတူအသိုက်အဝန်းထူထောင်မှုတွန်းအားပေးရေးအတွက် အကျိုးပြုစွမ်းဆောင်မှုသစ်ကိုပြုလုပ်နိုင်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။

ဧည့်ခံပွဲအပြီးတွင် ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်တို့သည် ဧည့်သည်တော်များနှင့်အတူတရုတ်-အလယ်အာရှ ပြည်သူ့ယဉ်ကျေးမှုအနုပညာနှစ်နှင့် တရုတ်-အလယ်အာရှ လူငယ်အနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနားဖျော်ဖြေတင်ဆက်မှုများကိုကြည့်ရှုခဲ့ကြသည်ဟု China Media Groupမှ သတင်းအရသိရပါသည်။