တရုတ်-အလယ် အာရှ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးနှင့် ပတ်သက်၍ စွဲကိုင်ချက် ၄ခုကို ရှီကျင့်ဖိန် တင်ပြ

(GMT+08:00)2023-05-19 15:09:00  

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ယခုလ ၁၉ရက်နေ့က ရှန်ရှီးပြည်နယ် ရှီးအန်းမြို့ရှိ နိုင်ငံတကာ ကွန်ဗင်းရှင်း စင်တာတွင် တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးကို ကြီးမှူးကျင်းပပြီး မိန်ခွန့်ပြောကြားရာ၌ တရုတ်-အလယ် အာရှ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးနှင့် ပတ်သက်၍ စွဲကိုင်ချက် ၄ခုကို တင်ပြခဲ့ပါသည်။

    ရှီကျင့်ဖိန်က ပထမ အချက်မှာ အပြန်အလှန် ဖေးမကူညီရန် စွဲကိုင်ပြီး အချုပ်အခြာ အာဏာပိုင်မှု၊ လွတ်လပ်ရေး၊ အမျိုးသား ဂုဏ်သိက္ခာ၊ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု စသည့် အရေးကြီး အကျိုးစီးပွားများနှင့် ပတ်သက်သော အရေးကိစ္စနှင့် ပြဿနာများတွင် တစ်ဦးကို တစ်ဦးက ရှင်းလင်းပြတ်သားသော၊ အားကောင်းသော အားပေးထောက်ခံမှုကို အမြဲတမ်း ပေးအပ်ခြင်း ဖြစ်ကြောင်း၊ ဒုတိယ အချက် ကတော့ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုကို စွဲကိုင်ပြီး Belt and Road အတူတကွ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွင် ဆက်လက် ရှေ့ဆောင်ကာ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက် လက်တွေ့ဖော်ဆောင်ရန် တွန်းအားပေးခြင်း ဖြစ်ကြောင်း၊ တတိယ အချက်က ယေဘုယျ လုံခြုံရေးကို စွဲကိုင်ပြီး ကမ္ဘာ့ လုံခြုံရေး အဆိုပြုချက်ကို အတူတကွ လက်တွေ့ဖော်ဆောင်ကာ ဒေသတွင်း နိုင်ငံများ၏ ပြည်တွင်းရေးများတွင် ပြင်ပမှ အင်အားစုများ၏ ဝင်ရောက်စွက်ဖက်မှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်ခြင်း ဖြစ်ကြောင်း၊ စတုတ္ထအချက် ကတော့ စဉ်ဆက်မပြတ် ချစ်ကြည်ရေးကို စွဲကိုင်ပြီး ကမ္ဘာ့ ယဉ်ကျေးမှု အဆိုပြုချက်ကို လက်တွေ့ဖော်ဆောင်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။2023-