ရှီကျင့်ဖိန်လာရောက်လေ့လာသွားတဲ့ ဒီပြတိုက်ကဘယ်လိုထူးခြားချက်တွေရှိနေသလဲ။

(GMT+08:00)2023-05-19 21:41:27  

မကြာသေးမီကတရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်သည် တရုတ်နိုင်ငံစန်းရှီးပြည်နယ် ယွင့်ချန်ပြတိုက်ကိုသွားရောက်လေ့လာခဲ့ပါသည်။ ရှီကျင့်ဖိန်သည် ပြတိုက်တွင် အဖိုးတန်ယဉ်ကျေးမှုပစ္စည်းများနှင့် “အမျိုးသားရတနာ” များအများအပြားရှိကြောင်း၊ ၎င်းတို့သည် တရုတ်နိုင်ငံ၏ နှစ်ပေါင်းသန်းချီလူသားသမိုင်း၊ နှစ်ပေါင်းတစ်သောင်းယဉ်ကျေးမှုသမိုင်း၊ နှစ်ပေါင်းငါးထောင်ကျော်သည့် ယဉ်ကျေးမှုသမိုင်းများအားသက်သေထူနေကြောင်း၊ တရုတ်ယဉ်ကျေးမှုအရင်းအမြစ်အားနက်ရှိုင်းစွာစူးစမ်းရှာဖွေသည့်လုပ်ငန်းဖော်ဆောင်ရမည် ဖြစ်ကာ တရုတ်ယဉ်ကျေးမှုသမိုင်းသုတေသနပြုလုပ်မှုကိုနက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်းအလေးထားပြောကြားခဲ့ပါသည်။

ယွင့်ချန်မြို့သည် လူသားတို့အစချီရာနေရာနှင့် တရုတ်ယဉ်ကျေးမှု၏ အရေးပါစတင်ရာနေရာလည်းဖြစ်ပါသည်။ ယွင့်ချန်ပြတိုက်၌ လက်ရှိထိန်းသိမ်းထားသည့်ပစ္စည်း၃ သောင်းကျော်ရှိပါသည်။