ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကိုနက်ရှိုင်းလာအောင် ဆောင်ရွက်ပြီးတရုတ်နှင့် ယူဇဘက်ကစ္စတန် ကံကြမ္မာတူအသိုက်အဝန်းကိုတည်ဆောက်လိုပါကြောင်းရှီကျင့်ဖိန်ဆို

(GMT+08:00)2023-05-19 11:20:57  

မေလ ၁၈ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ရှီးအန်းမြို့၌ ယူဇဘက်ကစ္စတန် သမ္မတMirziyoyevနှင့် တွေ့ဆုံခဲ့ပါသည်။

ရှီကျင့်ဖိန်ကလွန်ခဲ့သည့်နှစ် စက်တင်ဘာလတွင် မိမိတို့နှစ်နိုင်ငံဆက်ဆံရေးကံကြမ္မာတူအသိုက်အဝန်းကိုဖော်ဆောင်ရန် ပူးတွဲကြေညာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ယူဇဘက်ကစ္စတန်နိုင်ငံနှင့်အတူကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကိုနက်ရှိုင်းလာအောင် ဆောင်ရွက်ပြီးတရုတ်နှင့် ယူဇဘက်ကစ္စတန် ကံကြမ္မာတူအသိုက်အဝန်းကိုတည်ဆောင်လိုပါကြောင်းပြောကြားခဲ့ပါသည်။

Mirziyoyev က မျက်မှောက်အချိန်တွင် မိမိတို့သည် အခြေခံနက်ရှိုင်းခိုင်မာသောယူကရိန်းနှင့် တရုတ် ဆက်ဆံမှုအတွက် ထွန်းလင်းသာယာသောအနာဂတ်ရေးကိုလက်တွဲဖန်တီးပေးနေကြောင်းပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။