ဘယ်လ်ဂျီယံနိုင်ငံဘရပ်ဆဲလ်မြို့၏ထူးခြားသောရေမြောင်းပြတိုက်

(GMT+08:00)2023-05-19 21:46:25  

၁၉၈၈ ခုနှစ်တွင်တည်ဆောက်ခဲ့သည့် ဘယ်လ်ဂျီယံနိုင်ငံဘရပ်ဆဲလ်မြို့ ရေမြောင်းပြတိုက်တွင် ဘရပ်ဆဲလ်မြို့ ရေမြောင်းစနစ်၏ သမိုင်း၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ ထိန်းသိမ်းမှုနှင့် သန့်ရှင်းရေးစသည့်အပိုင်းများကိုစိတ်ဝင်စားဖွယ်ရာဗဟုသုတအဖြစ်ပြသထားပါသည်။ လာရောက်ကြည့်ရှုသူများသည် အနံ့အသက်မကောင်းသည့်ရေမြောင်းများတွင် ရေမြောင်းအလုပ်သမားများ၏ အရေးပါပုံနှင့် ပင်ပန်းခံကြိုးစားကြပုံများကိုလက်တွေ့ခံစားနိုင်ပါသည်။