(နိုင်ငံတကာပြတိုက်နေ့) ပြတိုက်ထဲရောက်ရှိလာသောပေကျင်းအလယ်ဗဟိုမျဉ်း

(GMT+08:00)2023-05-19 21:42:51  

စုစုပေါင်းအရှည် ၇.၈ ကီလိုမီတာခန့်ရှိသည့် ပေကျင်းအလယ်ဗဟိုမျဉ်းသည် ကမ္ဘာပေါ်တွင် လက်ရှိတည်ရှိနေသေးသည့် အရှည်ဆုံး၊ ထိန်းသိမ်းထားသည်မှာအပြည့်စုံဆုံးဖြစ်သည့် ရှေးဟောင်းမြို့ပြအလယ်ဗဟိုမျဉ်းများအနက် တစ်ခုဖြစ်ပါသည်။ လတ်တလောတွင်ပေကျင်းမြို့တော်ထူထောင်ခြင်းနှစ် ၈၇၀ ပြည့်အထိမ်းအမှတ်အနေဖြင့် ပေကျင်းမြို့တော်ပြတိုက်မှာ“ထွန်းလင်းတောက်ပအလယ်ဗဟိုအလှ” ပြပွဲကျင်းပခဲ့ပြီးယဉ်ကျေးမှုပစ္စည်းအမျိုးအစားပေါင်း ၅၃ မျိုးဖြင့် လာရောက်ကြည့်ရှုသူများအားရှေးဟောင်းမြို့တော်ပေကျင်းအလယ်ဗဟိုမျဉ်း၏အလှကိုပြသခဲ့ပါသည်။