လာမည့်ငါးနှစ်အတွင်း ကမ္ဘာ့နှစ်စဉ်ပျမ်းမျှအပူချိန်သည် စက်မှုခေတ်မတိုင်ခင်ကထက် ၁.၅ ဒီဂရီစင်တီဂရိတ် မြင့်တက်နိုင်ခြေ ၆၆ ရာခိုင်နှုန်း ရှိ

(GMT+08:00)2023-05-18 13:05:05  

မေလ ၁၇ရက်နေ့တွင် ကမ္ဘာ့မိုးလေဝသဌာန (WMO) မှ ထုတ်ပြန်သည့် စာရင်းတွင် လာမည့်ငါးနှစ်အတွင်း ကမ္ဘာ့နှစ်စဉ်ပျမ်းမျှအပူချိန်သည် စက်မှုခေတ်မတိုင်ခင်ကထက် ၁.၅ ဒီဂရီစင်တီဂရိတ် မြင့်တက်နိုင်ခြေ ၆၆ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြခဲ့ပါသည်။

ကမ္ဘာ့မိုးလေဝသဌာနမှ အတွင်းရေးမှူးချုပ် Taalas က အယ်လ်နီညိုဖြစ်စဉ်သည် လာမည့်လ အနည်းငယ်အတွင်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း၊ ယင်းသည် လူသားများကြောင့် ဖြစ်စေသော ရာသီဥတုပြောင်းလဲမှုနှင့်ပေါင်းစပ်၍ ကမ္ဘာ့အပူချိန်ကို မှန်းဆမရနိုင်သည့် အခြေအနေသို့ ရောက်စေမည်ဖြစ်ကြောင်း၊ ယင်းသည် ကျန်းမာရေး၊ အစားအစာလုံခြုံရေး၊ ရေ စီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင်အတွက် လေးနက်သည့် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်စေမည် ဖြစ်ကာ မိမိတို့အားလုံး ကြိုတင်ပြင်ဆင် ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။