တရုတ်နိုင်ငံသည် ၅၆ ခုမြောက် Beidou လမ်းပြဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2023-05-18 11:47:17  

မေလ ၁၇ ရက်နေ့ မနက် ၁၀ နာရီ ၄၉ မိနစ်တွင် တရုတ်နိုင်ငံသည် Xichang ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March 3B သယ်ဆောင်ဒုံးပျံဖြင့် ၅၆ခုမြောက် Beidou လမ်းပြဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်ခဲ့သည်။

ဤဂြိုဟ်တုသည် geostationary ပတ်လမ်း ဂြိုဟ်တုမျိုးဖြစ်ပြီး Beidou-3 ပရောဂျက်၏ ပထမဆုံးသော အရန်ဂြိုဟ်တုဖြစ်သည်။ ကမ္ဘာပတ်လမ်းကြောင်းအတွင်းဝင်ရောက်ပြီး ပတ်လမ်းအတွင်းစမ်းသပ်မှုပြီးပါက ၎င်းသည် Beidou ဂြိုဟ်တုလမ်းပြစနစ်သို့ ချိတ်ဆက်မည်ဖြစ်သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။