ရှီကျင့်ဖိန်သည် ကာဂျစ်စတန် သမ္မတ Japarov နှင့် တွေ့ဆုံ

(GMT+08:00)2023-05-18 13:06:26  

   မေလ ၁၈ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရှန်ရှီးပြည်နယ် ရှီးအန်း မြို့၌ ကာဂျစ်စတန် သမ္မတ Japarov နှင့် တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။

   ရှီကျင့်ဖိန်က သမ္မတ Japarovက တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေး တက်ရောက်ခြင်းနှင့် တရုတ်နိုင်ငံသို့ လာရောက် ခရီးလှည့်လည်ခြင်းကို ကြိုဆိုပါကြောင်း၊ လွန်ခဲ့သည့်နှစ်တွင် မိမိတို့သည် နှစ်ကြိမ် တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး အရေးကြီး သဘောတူညီချက်များကို ရရှိခဲ့ကြောင်း၊ ယင်းသဘောတူညီချက်များကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်လျက်ရှိပြီး နှစ်နိုင်ငံ ဆက်ဆံမှုကို အားကောင်းစွာ တွန်းအား ပေးနေကြောင်း၊ သမ္မတ Japarov ၏ ဦးဆောင်မှုဖြင့်  ကာဂျစ်စတန်၏ လုပ်ငန်းများတွင် အောင်မြင်မှုသစ်များကို အဆက်မပြတ် ရရှိနိုင်မည်ဟု မိမိ ယုံကြည်ပါကြောင်း၊ တရုတ်နိုင်ငံသည် ကာဂျစ်စတန်နှင့် အတူစည်ပင်သာယာသော အိမ်နီးချင်းကောင်း ကံကြမ္မာတူ အသိုက်အဝန်းကို တည်ထောင်လိုကြောင်း၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ပြီး နှစ်နိုင်ငံ ရှင်သန်ဖွံ့ဖြိုးရေးကို အားသစ်လောင်းပေးလိုပါကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။