ရှီကျင့်ဖိန်သည် တာဂျစ်ကစ္စတန်သမ္မတRahmon နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2023-05-18 15:54:59  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် မေလ ၁၈ ရက်နေ့က ရှီးအန်းမြို့တွင် ကျင်းပသည့် တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်တရုတ်နိုင်ငံသို့ ရောက်ရှိလာသောတာဂျစ်ကစ္စတန်နိုင်ငံသမ္မတRahmon နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံသည် နယ်ပယ်အသီးသီးမှပူးပေါင်းဆောင်ရွက်မှုအဆင့်အတန်းကိုဘက်စုံတိုးတက်စေရန်နှင့် ဘိုးစဉ်ဘောင်ဆက်ချစ်ကြည်ရင်းနှီးပြီးအေးအတူပူအမျှဖြစ်ကာအကျိုးအတူရှိစေသောတရုတ်-တာဂျစ်ကစ္စတန် ကံကြမ္မာတူအသိုက်အဝန်းတည်ဆောက်ရေးကို မြှင့်တင်လိုပါကြောင်းရှီကျင့်ဖိန်ကပြောကြားခဲ့သည်။